ဧသတာ 2:20 - Common Language Bible20 ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible20 ဧ သ တာ လည်း မော် ဒ ကဲ မွေး စား သည် က ကဲ့ သို့၊ အ မိန့် ကို နား ထောင် လျက် ရှိ သည် ဖြစ်၍၊ မှာ ထား သည့် အ တိုင်း အ မျိုး အ နွယ် ကို မ ဖော် မ ပြ သေး။ အခန်းကိုကြည့်ပါ။Judson Bible20 ဧသတာသည် မော်ဒကဲထံ မွေးမြူခြင်းကိုခံ၍ နေစဉ်အခါ၊ သူ၏စကားကို နားထောင်သည်နည်းတူ နားထောင်သေးသည်ဖြစ်၍၊ မော်ဒကဲသတိပေးသည်အတိုင်း၊ မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဖော်မပြဘဲ နေသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။