နေဟမိ 9:13 - Common Language Bible13 ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 သိ နာ တောင် ပေါ် သို့၊ ဆင်း သက် တော် မူ ပြီး လျှင်၊ မှန် ကန် သော ဆုံး ဖြတ် ချက်၊ ဥ ပ ဒေ ချက် များ ကို လည်း ကောင်း၊ မွန် မြတ် သော ထုံး ဖွဲ့ ချက်၊ မိန့် မှာ ချက် များ ကို လည်း ကောင်း၊ ကောင်း ကင် မှ မိန့် မြွက် တော် မူ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible13 ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုးကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။