အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
ဧဖက် 2:3 - Common Language Bible အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။ Garrad Bible ထို ဘောင် တွင် ပင် ရုပ် ခ န္ဓာ တပ် မက် ခြင်း အ လိုက် ပြု ကျင့် ခဲ့ သူ၊ ကိုယ့် ရုပ် ခ န္ဓာ နှင့် ကိုယ့် စိတ် အ လို အ လျောက် ပြု သ ဖြင့် အ ခြား သူ တို့ ကဲ့ သို့ ဇာ တိ အ လျောက် အ မျက် တော် ခံ ထိုက် သူ ငါ တို့ ရှိ သ မျှ ကို လည်း ကောင်း၊ Judson Bible ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏ အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။ |
အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။-
ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။-
လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။-
ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။-
ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။-
အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
သို့ရာတွင်ကမ္ဘာလောကတစ်ခုလုံးပင်အပြစ် ဒုစရိုက်၏လက်အောက်တွင်ရောက်ရှိနေကြောင်း ကျမ်းစာတော်တွင်ဖော်ပြထားပေသည်။ သို့ဖြစ် ၍ယေရှုခရစ်ကိုယုံကြည်မှု၌အခြေခံသည့် ကတိတော်ဆိုင်ရာဆုကျေးဇူးကိုယုံကြည် သူတို့ခံစားခွင့်ရရှိကြ၏။
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-
အခါတစ်ပါးကသင်တို့သည်ဘုရားသခင် နှင့်ဝေးကွာလျက်နေခဲ့ကြ၏။ သင်တို့သည် မိမိတို့၏ဆိုးညစ်သည့်အကျင့်အကြံများ ကြောင့်ကိုယ်တော်နှင့်ရန်ဘက်ဖြစ်ခဲ့ကြပေသည်။-
ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-
သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
ကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။-
သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။