Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 6:5 - Common Language Bible

5 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 မြေ ကြီး ပေါ် မှာ လူ့ အ ပြစ် ကြီး ပွား ၍ စိတ် နှ လုံး အ ကြံ အ စည် ရှိ သ မျှ သည် အ စဉ် မ ပြတ် ဆိုး ညစ် ခြင်း သက် သက် ဖြစ် သည် ကို ထာ၀ ရ ဘု ရား သိ မြင် တော် မူ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 6:5
24 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-


သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။


ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊


ဘု​ရား​သ​ခင်​သည်​အ​သိ​ပ​ညာ​ရှိ​သူ​များ၊ မိ​မိ​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို​သိ​မြင် နိုင်​ရန် ကောင်း​ကင်​ဘုံ​မှ​လူ​သား​တို့​အား​ကြည့်​တော် မူ​၏။


မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊


ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။


နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။


``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''


အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။


ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို​သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး​ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော်​သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​ငါ့​အား``အ​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​ပြု​နေ​ကြ​သည့်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော​အ​မှု​တို့​ကို​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​လျှင်၊-


လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။-


နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-


နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-


ယ​နေ့​ဤ​ပ​ညတ်​များ​ကို​ကြား​ရ​ပြီး နောက် မိ​မိ​အ​လို​အ​တိုင်း​ကျင့်​မြဲ​ကျင့်​နေ သော်​လည်း အ​စ​စ​အ​ရာ​ရာ​၌​အ​ဆင် ပြေ​လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​သူ​မ​ရှိ စေ​နှင့်။ သို့​သော်​သင်​တို့​တွင်​ကောင်း​သူ​ဆိုး သူ​မ​ကျန် အား​လုံး​ပျက်​စီး​ဆုံး​ရှုံး​ရ လိမ့်​မည်။-


အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-


ထို​ဝိ​ညာဉ်​တို့​ကား​သင်္ဘော​ကို​နော​ဧ​တည်​ဆောက် လျက်​နေ​စဉ်​တွင် သည်း​ခံ​စောင့်​ဆိုင်း​လျက်​နေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင် ခဲ့​သူ​တို့​၏​ဝိ​ညာဉ်​များ​ပင်​ဖြစ်​သ​တည်း။ သို့ ရာ​တွင်​ရေ​အား​ဖြင့်​ကယ်​ဆယ်​ခြင်း​ခံ​ရ​သူ များ​မှာ​သ​င်္ဘော​ပေါ်​တွင်​အ​နည်း​ငယ်​သာ​ရှိ ၍​အ​ရေ​အ​တွက်​အား​ဖြင့်​ရှစ်​ယောက်​မျှ​သာ ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ