Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:16 - Common Language Bible

16 ကာ​ယ​တပ်​မက်​စွဲ​လန်း​သော​အ​ရာ​များ၊ မျက်​စိ ဖြင့်​မြင်​၍​လို​ချင်​တပ်​မက်​သော​အ​ရာ​များ၊ ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​များ​အ​စ​ရှိ​သော​လော​ကီ အ​ရာ​ရှိ​သ​မျှ​တို့​သည်​ခ​မည်း​တော်​နှင့် မ​သက်​ဆိုင်။ လော​က​နှင့်​သာ​သက်​ဆိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 အ သို့ ဆို သော် ဤ လော က၌ ဖြစ် တတ် သ မျှ တည်း ဟူ သော ရုပ် ခ န္ဓာ့တပ် မက် ခြင်း၊ မျက် စိ တပ် မက် ခြင်း၊ စည်း စိမ် ဝင့် ဝါ ခြင်း များ သည် အ ဘ ခ မည်း တော် နှင့် မ စပ် ဆိုင်။ လော က နှင့် သာ စပ် ဆိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 အဘယ်ကြောင့်ဆိုသော် လောက​၌ ရှိသမျှသော အသွေးအသား​၏​တပ်မက်ခြင်း၊ မျက်စိ​၏​တပ်မက်ခြင်း၊ စည်းစိမ်​ကြွားဝါခြင်း​တို့​သည် ခမည်းတော်​ထံမှ မဟုတ်ဘဲ ဤ​လောက​မှ လာ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:16
34 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-


အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-


ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။


သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊ အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။


သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။


သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။


မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။


ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။


``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။


ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-


ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။-


သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-


ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊-


အ​ရှင်​ယေ​ရှု​ခရစ်​ကို​လက်​နက်​သ​ဖွယ်​ယူ ဆောင်​ကြ​လော့။ ကာ​ယ​တပ်​မက်​မှု​အ​လို သို့​လိုက်​၍​မ​ကျင့်​ကြ​နှင့်။


ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။-


ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။-


အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။


ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။-


အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-


ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။-


ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။


အ​ကျွန်ုပ်​တို့​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း​များ​ထဲ တွင်​လှ​ပ​သော​ဗာ​ဗု​လုန်​ဝတ်​ရုံ၊ ငွေ​ချိန်​ငါး ပေါင်​ခန့်​နှင့်​အ​ချိန်​တစ်​ပေါင်​ကျော်​ခန့်​ရှိ သော​ရွှေ​ချောင်း​ကို​တွေ့​ရ​၍ လို​ချင်​မက်​မော လှ​သ​ဖြင့်​ယူ​မိ​ပါ​သည်။ အ​ကျွန်ုပ်​၏​တဲ​ထဲ တွင်​ငွေ​ကို​အောက်​ဆုံး​၌​ထား​၍​မြှုပ်​ထား ပါ​သည်'' ဟု​ယော​ရှု​အား​လျှောက်​ထား​လေ​၏။


ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-


ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-


သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ