ဟေရှာယ 9:17 - Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။ Garrad Bible ရှိ သ မျှ တို့ သည် လူ သ ရော် လူ ပျက်၊ လူ ဆိုး လူ သွမ်း များ ဖြစ် သည့် ပြင်၊ ယုတ် မာ စွာ နှုတ် ထွက် တတ် သော ကြောင့်၊ အ ရှင် ဘု ရား သည် ထို သူ တို့ လက် ရွေး တို့ ကို နှစ် သက် တော် မ မူ။ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို လည်း၊ သ နား တော် မ မူ။ ထို မျှ ဖြစ် သော် လည်း၊ အ မျက် တော် မ ပြေ၊ လက် ရုံး တော် မ ရုတ် သေး လေ စွ တ ကား။ Judson Bible ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင်ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသောစကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ |
အဘယ်အခါ၌မျှသူ့အားသနားကြင်နာ မည့်သူ၊ သူ၏ဘသက်ဆိုးများကိုကြည့်ရှုစောင့်ရှောက် မည့်သူ မရှိပါစေနှင့်။
ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
သင်သည်မိမိ၏တိုင်းပြည်ကိုပျက်ပြုန်းစေ၍ ကိုယ့်ပြည်သူတို့ကိုသတ်ဖြတ်ပစ်သည်ဖြစ်၍ အခြားဘုရင်များကဲ့သို့သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ သင်၏ဆိုးညစ်သော အမျိုးအနွယ်ဝင်တို့သည်လည်း တစ်ဦးတစ် ယောက်မျှအသက်မသေဘဲကျန်ရစ်လိမ့် မည်မဟုတ်။-
လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
ယေရုရှလင်မြို့သည်အမင်္ဂလာရှိပါသည် တကား။ ယုဒပြည်လည်းပြိုပျက်လျက်နေ လေပြီ။ သူတို့ပြုသမျှသောအမှုများနှင့် ပြောသမျှသောစကားများသည် ထာဝရ ဘုရားနှင့်ဆန့်ကျင်ဘက်သာလျှင်ဖြစ်၍ နေ၏။ သူတို့သည်ဘုရားသခင်ကိုယ်တော် တိုင်ကိုလူသိရှင်ကြားစော်ကားကြ၏။-
ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။-
အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
သင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။-
သင်တို့သည်ထုံးလုပ်ရန်မီးအဖုတ်ခံရသည့် ကျောက်ကဲ့သို့လည်းကောင်း၊ ပြာဖြစ်အောင်ကျွမ်း လောင်သွားသည့်ဆူးပင်ကဲ့သို့လည်းကောင်း ကြေမွသွားကြလိမ့်မည်။-
အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။-
အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
``ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့်အညီ ငါသည်အမျက်တော်ထွက်လျက် သင်တို့အား ငါ၏ခွန်အားကြီးမားသောလက်ရုံးတော် ဖြင့်တန်ခိုးအာဏာရှိသမျှနှင့်လက်တော် ကိုဆန့်လျက်အုပ်စိုးတော်မူမည်။-
``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။
ထိုနေ့၌အလွန်ကျန်းမာသည့်လုလင်နှင့် မိန်းမပျိုများပင်လျှင်ရေငတ်လွန်းသဖြင့် လဲကြလိမ့်မည်။-
တိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။-
ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
နံနက်ချိန်၌မိုးတိမ်နီ၍အုံ့မှိုင်းနေလျှင်မိုးရွာ လိမ့်မည်ဟူ၍လည်းကောင်းသင်တို့ပြောတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့် မိုးလေဝသ၏အခြေအနေကိုသိနိုင်ကြပါ လျက် မျက်မှောက်ခေတ်ကာလ၏အရိပ်အခြေကို မူပိုင်းခြား၍မသိနိုင်ကြပါသလော။-