Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 14:20 - Common Language Bible

20 သင်​သည်​မိ​မိ​၏​တိုင်း​ပြည်​ကို​ပျက်​ပြုန်း​စေ​၍ ကိုယ့်​ပြည်​သူ​တို့​ကို​သတ်​ဖြတ်​ပစ်​သည်​ဖြစ်​၍ အ​ခြား​ဘု​ရင်​များ​ကဲ့​သို့​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ဆိုး​ညစ်​သော အ​မျိုး​အ​နွယ်​ဝင်​တို့​သည်​လည်း တစ်​ဦး​တစ် ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့် မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ကိုယ့် ပြည် ကျိုး ကို ဖျက်၍ နိုင် ငံ သား တို့ ကို ကွပ် မျက် သော ကြောင့်၊ ဆို ခဲ့ သော ဘု ရင် တို့ ကဲ့ သို့ စျာ ပ န ပြု ခြင်း မ ခံ ရ။ လူ ဆိုး တို့ အ ဆက် အ နွယ် အ မည် ကို၊ ကာ လ အ စဉ် မှည့် ခေါ် ကြ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သူ​တစ်​ပါး​တို့​နှင့် ရော​နှော၍ သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ပြည်​ကို ဖျက်​ဆီး​ပြီ။ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​လေ​ပြီ။ အ​ဓ​မ္မ​ပြု​သော​သူ​တို့၏​အ​နွယ်​သည် ဂုဏ်​အ​သ​ရေ​အ​လျှင်း​မ​ရှိ​ရ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သင်​သည် မိမိ​ပြည်​ကို​ဖျက်ဆီး​၍ မိမိ​လူမျိုး​ကို​သတ်ဖြတ်​သောကြောင့် သူ​တို့​နှင့်အတူ​ရော​၍​သင်္ဂြိုဟ်​ခြင်း​မ​ခံရ​။ ဆိုးညစ်​သော​သူ​တို့​၏​သားစဉ်မြေးဆက်​အကြောင်း​ကို မည်သည့်​အခါ​မျှ ထုတ်ဖော်​ပြောဆို​ကြ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 14:20
13 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​သူ​တို့​၏​သား​သ​မီး​အ​ပေါင်း ကို သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​ကို သုတ်​သင်​တော်​မူ​လိမ့်​မည်။


သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။


သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။ သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍ မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။


``အ​ချင်း​အ​ပြစ်​ကူး​သည့်​လူ​မျိုး၊ ဖောက်​ပြန်​တတ်​သူ​ဒု​စ​ရိုက်​သ​မား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ​ကြ​ပါ​သည်​တ​ကား။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​လျက် ကိုယ်​တော်​ကို​ကျော​ခိုင်း​ကြ​လေ​ပြီ။-


သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။


လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။


ကိုယ်​တော်​သည်​မိ​မိ​ပြု​တော်​မူ​လျက်​နေ သည့်​အ​မှု​ကို​သိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက် ရောက်​စေ​တော်​မူ​ပါ​၏။ ဆိုး​ညစ်​သူ​များ​နှင့် သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြုံး​ဝါး​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ​၏။-


သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-


မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ