Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 10:2 - Common Language Bible

2 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 10:2
24 ပူးပေါင်းရင်းမြစ်များ  

ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။


သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။


``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။-


ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။


ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။


သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။


သင်​၏​ခေါင်း​ဆောင်​တို့​သည်​လည်း​သူ​ပုန်​များ၊ သူ​ခိုး​လက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​တံ​စိုး​လက်​ဆောင်​များ​ကို​လက်​ခံ​လျက်​နေ​ကြ​သော်​လည်း တ​ရား​ရုံး​တော်​တွင်​မိ​ဘ​မဲ့​သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မှု​ကို​မ​ပြု​ကြ။ မု​ဆိုး​မ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​လည်း​ကြား​နာ​စစ်​ဆေး​၍​မ​ပေး​ကြ။


ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-


သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။


လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-


သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-


ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။


ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။'' ဤ​အ​ဖြစ်​သ​နစ်​ကို​မြင်​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​ခြင်း ကင်း​မဲ့​မှု​ကို​နှစ်​သက်​တော်​မ​မူ။-


တိုင်း​တစ်​ပါး​သား​များ၊ မိ​ဘ​မဲ့​သူ​များ​နှင့် မု​ဆိုး​မ​များ​အ​ပေါ်​တွင်​အ​ခွင့်​ကောင်း​မ​ယူ ကြ​နှင့်​တော့။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​မှု​မ​ပြု​ကြ နှင့်​တော့။ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​မှု​သည်​သင်​တို့​အား​အ​ကျိုး​ယုတ်​စေ မည်​ဖြစ်​၍​ထို​အ​မှု​ကို​ရပ်​စဲ​လိုက်​ကြ​လော့။-


ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကို ငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။


သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-


သူ​တို့​သည်​အား​နွဲ့​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​များ​ကို​နင်း​ချေ​ပြီး​ဆင်း​ရဲ​သား​တို့ ကို​တွန်း​ထုတ်​ဖယ်​ရှား​ကြ​ပြီ။ အ​ဘ​နှင့် သား​သည်​ကျွန်​မိန်း​က​လေး​တစ်​ယောက် တည်း​နှင့်​ဆက်​ဆံ​လျက်​ငါ​၏​သန့်​ရှင်း ရာ​နာ​မ​တော်​ကို​အ​သ​ရေ​ပျက်​စေ​ပြီ။-


ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊-


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ