အာမုတ် 8:13 - Common Language Bible13 ထိုနေ့၌အလွန်ကျန်းမာသည့်လုလင်နှင့် မိန်းမပျိုများပင်လျှင်ရေငတ်လွန်းသဖြင့် လဲကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13-14 အို ဒန် မြို့၊ သင်၌ ရှိ သော ဘု ရား အ သက် ရှင် သည် ဟူ ၍ လည်း ကောင်း၊ ဗေ ရ ရှေ ဘ မြို့ လမ်း တည် ရှိ သည် ဟူ၍ လည်း ကောင်း၊ ဆို လျက်၊ ရှ မာ ရိ နိုင် ငံ ပြစ် မှား ရာ ပြစ် မှား ကြောင်း ကို တိုင် တည်၍၊ သ စ္စာ ဆို သူ အ ဆင်း လှ သော အ ပျို က ညာ နှင့် လူ ပျို တို့ သည်၊ ထို ကာ လ အ မြိုက် ရေ ငတ်၍ မူး မော် လျက်၊ နောင် မ ထ ရ ဘဲ လဲ ကျ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထိုနေ့ရက်တွင် လှပသောအပျိုကညာများနှင့် လူပျိုများ ရေငတ်သောကြောင့် အားယုတ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။