Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 65:19 - Common Language Bible

19 ငါ​ကိုယ်​တိုင်​ပင်​လျှင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက် ကြောင့်​လည်း​ကောင်း၊ ထို​မြို့​ရှိ​မြို့​သူ​မြို့​သား တို့​၏​အ​တွက်​ကြောင့်​လည်း​ကောင်း​ဝမ်း​မြောက် ရွှင်​လန်း​ရ​လိမ့်​မည်။ ထို​မြို့​တွင်​ငို​ကြွေး​မှု​နှင့် ကူ​ပါ​ကယ်​ပါ​ဟု​ဆို​သော​သူ​များ​ရှိ​လိမ့် မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ငါ လည်း ယေ ရု ရှ လင် မြို့ ကြောင့် အား ရ လျက်၊ လူ မျိုး တော် ကြောင့် ရွှင် လန်း လိမ့် မည်။ ထို မြို့ အ တွင်း တွင် ငို ကြွေး သံ၊ အော် ဟစ် သံ များ ကို ကြား ရ တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ငါ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကြောင့် ဝမ်း​မြောက်​မည်။ ငါ၏​လူ​တို့​ကြောင့် ရွှင်​လန်း​မည်။ ထို​မြို့၌ ငို​ကြွေး​သံ​နှင့် အော်​ဟစ်​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ငါ​သည်​လည်း ဂျေရုဆလင်​မြို့​ကြောင့် ရွှင်လန်း​မည်​။ ငါ​၏​လူ​တို့​ကြောင့် ဝမ်းမြောက်​မည်​။ ထို​မြို့​၌ ငိုကြွေးသံ​၊ အော်ဟစ်သံ​ကို ကြား​ရ​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 65:19
19 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။


ထာ​ဝ​ရ​ဘု​ရား​သည်​သေ​ခြင်း​တ​ရား​ကို​ထာ​ဝ စဉ်​ချေ​မှုန်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း တို့​၏​မျက်​နှာ​မှ​မျက်​ရည်​များ​ကို​သုတ်​တော်​မူ ၍​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကြုံ တွေ့​ရ​သည့်​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​ကို လည်း​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​သော​စ​ကား ပင်​ဖြစ်​၏။


ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-


သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။


``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။


ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​တွက်​နေ​လ​တို့​ထက် ပို​မို​တည်​တံ့​သည့်​ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့်​သင်​ဝမ်း​နည်း​ပူ​ဆွေး​ရာ​နေ့​ရက်​များ​သည် ကုန်​ဆုံး​၍​သွား​လိမ့်​မည်။


သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သော ဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။


သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။


ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။


သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''


ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လော့။ ငါ​သည် သင်​တို့​အ​လယ်​တွင်​ကျိန်း​ဝပ်​ရန်​ကြွ​လာ​တော် မူ​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​အ​ခါ​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊


ထို​သိုး​ကို​တွေ့​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက် စွာ​ဖြင့်​ပ​ခုံး​ထက်​တွင်​တင်​၍​ထမ်း​လာ​လိမ့် မည်။-


ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​ပလ္လင်​တော်​အ​လယ် တွင်​ရှိ​တော်​မူ​သော သိုး​သူ​ငယ်​တော်​သည် သူ​တို့​အား​စောင့်​ထိန်း​ကြည့်​ရှု​၍ အ​သက် စမ်း​ရေ​ရှိ​ရာ​အ​ရပ်​သို့​ပို့​ဆောင်​တော်​မူ​မည် ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား​သ​ခင်​သည် လည်း​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို​သုတ် တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ