မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
သင်တို့၏ပြည်တွင်နေခွင့်ပြုကြပါ။ ငါတို့ ကိုသုတ်သင်ဖျက်ဆီးလိုသူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ကြပါ'' ဟုမောဘ ပြည်သူတို့ပြောကြားကြ၏။ (ဖိနှိပ်ချုပ်ချယ်မှုနှင့်သုတ်သင်ဖျက်ဆီးမှု တို့သည်ပပျောက်၍သွားလိမ့်မည်။ တိုင်းပြည် ကိုပျက်ပြုန်းစေသောသူတို့သည်လည်းရှိ ကြတော့မည်မဟုတ်။-
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။ သင်တို့မကြားဘူးကြမသိကြပါသလော။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
ငါသည်ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေ၍လူ တို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ မိမိတန်ခိုးတော်အားဖြင့် မိုးကောင်းကင်ကိုဖြန့်ကြက်၍နေ၊လ၊ ကြယ်တာရာများကိုထိန်းချုပ်၍ထား၏။
ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။ လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။
ထာဝရဘုရားသည်တန်ခိုးတော်ဖြင့် ပထဝီမြေကြီးကိုဖြစ်ပေါ်စေတော်မူ၏။ ကိုယ်တော်သည်ဉာဏ်ပညာတော်ဖြင့် လောကဋ္ဌာတ်ကိုဖန်ဆင်းတော်မူပြီးလျှင်၊ အသိပညာတော်ဖြင့်မိုးကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
ကယ်တော်မမူလျှင်လည်းအကျွန်ုပ်တို့ သည်အရှင်၏ဘုရားကိုရှိမခိုး၊ အရှင် ၏ရွှေရုပ်ကြီးကိုလည်းဦးမညွှတ်ကြောင်း သိမှတ်တော်မူပါ'' ဟုပြန်လည်လျှောက် ထားကြ၏။
ထိုအခါနေဗုခဒ်နေဇာသည်မိမိစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အပေါ်တွင်အမျက်ထွက် ကာမျက်နှာနီမြန်း၍လာတော်မူ၏။ ထို ကြောင့်မင်းကြီးသည်မီးဖိုကြီးကိုခုနစ်ဆ မျှပို၍ပူအောင်မီးထိုးစေတော်မူပြီးလျှင်၊-
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အို သေမင်း၊သင်၏အစွယ်ကားအဘယ်မှာနည်း။
သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊ မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့ကိုထုတ် ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့ရန်သတိပြုကြလော့။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-
သူတို့သည်မိမိတို့ထွက်ခွာလာခဲ့သည့်ပြည် ကိုတမ်းတလျက်နေကြသည်မဟုတ်။ ထို ပြည်ကိုတမ်းတပါကပြန်နိုင်ရန်အခွင့် ကိုရရှိကြပေသည်။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။-