ယေရမိ 51:19 - Common Language Bible19 ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ယာ ကုပ်၏ ပိုင် စု ဖြစ် သော ဘု ရား သည်၊ ထို ဆင်း တု များ နှင့် မ တူ ချေ။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော နာ မ တော် ရှိ သည့် အ လျောက်၊ အ ရာ ခပ် သိမ်း ကို ဖန် ဆင်း တော် မူ သော ဘု ရား ဖြစ်၏။ ပိုင် တော် မူ ရာ အ မျိုး အ နွယ် ကား၊ ထို လူ မျိုး တည်း။ အခန်းကိုကြည့်ပါ။Judson Bible19 ယာကုပ်အမျိုး၏အဖို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-