ဟေရှာယ 57:11 - Common Language Bible11 ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။- အခန်းကိုကြည့်ပါ။Garrad Bible11 သင် သည် မည် သူ့ ကို ကြောက် ရွံ့ ထိတ် လန့်၍ ငါ့ ကို နှ လုံး မ သွင်း ဘဲ၊ သ တိ လစ် လျက် သ စ္စာ ဖျက် သ နည်း။ ငါ မူ ကား၊ ရှေး ကာ လ က စ၍ တိတ် ဆိတ် စွာ နေ သော ကြောင့် ငါ့ ကို မ ကြောက် ဘဲ နေ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible11 သင်သည် သစ္စာပျက်သည် တိုင်အောင်လည်းကောင်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲနေသည် တိုင်အောင်လည်းကောင်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကိုမကြောက်ဘဲ နေသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-