ဟေရှာယ 51:13 - မြန်မာ့စံမီသမ္မာကျမ်း13 မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။ အခန်းကိုကြည့်ပါ။Common Language Bible13 မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။ အခန်းကိုကြည့်ပါ။Judson Bible13 မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။ အခန်းကိုကြည့်ပါ။ |
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။