ယေရမိ 41:18 - Common Language Bible18 ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible18 အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန်ရှင်ဘုရင်ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိသားဣရှမေလ သတ်သောကြောင့်၊ ခါလဒဲလူတို့ကိုကြောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 အကြောင်းမူကား နေသနိ၏သားဣရှမေလသည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော အဟိကံ၏သားဂေဒလိကို သတ်လိုက်သောကြောင့် သူတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။-