ဟေရှာယ 42:14 - Common Language Bible ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။ Garrad Bible ငါ သည် အ ဓွန့် ရှည် စွာ ချုပ် တည်း၍ ဆိတ် ဆိတ် နေ ခဲ့ ပြီ။ ယ ခု မှာ၊ သား ဖွား သော မိန်း မ ကဲ့ သို့၊ အော် ဟစ် မော ဟိုက် ရှူ ရှိုက် လျက်၊ Judson Bible ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှူ၍ ချက်ချင်း ဖျက်ဆီးမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အချိန်ကြာကြာ တိတ်ဆိတ်စွာနေခဲ့ပြီ။ ငါသည် နှုတ်ဆိတ်နေလျက် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းခဲ့ပြီ။ ယခုမှာ သားဖွားသောမိန်းမကဲ့သို့ အသက်ပြင်းပြင်းရှူလျက်၊ မောပန်းလျက် အော်ဟစ်နေမည်။ |
ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အမှုအရာများကြောင့်စိတ်ထိခိုက်လှုပ်ရှား မှုဖြစ်တော်မမူပါသလော။ ကိုယ်တော်ရှင် သည်ငြိမ်သက်စွာနေတော်မူလျက်ကျွန် တော်မျိုးတို့အားမိမိတို့၏ခံနိုင်ရည်ထက် ပို၍ဆင်းရဲဒုက္ခရောက်စေတော်မူပါမည် လော။
``သူတို့အားအဘယ်သို့အပြစ်ဒဏ်ခတ်မည် ကိုငါဆုံးဖြတ်ပြီးလေပြီ။ သူတို့အတွက် စီရင်ချက်ကိုလည်းရေးမှတ်၍ထား၏။ ငါ သည်သူတို့ပြုခဲ့သည့်အမှုတို့ကိုလျစ် လူရှုလိမ့်မည်မဟုတ်။-
သင်တို့သည်ငါ့အားပစ်ပယ်ကြလေပြီ။ သင်တို့သည်ငါ့အားကျောခိုင်းကြလေပြီ။ ငါသည်အမျက်ဒေါသချုပ်တည်းမှုကို ငြီးငွေ့ပြီဖြစ်သဖြင့် လက်တော်ကိုဆန့်၍သင်တို့အားဖျက်ဆီးလေပြီ'' ဟုထာဝရဘုရားမိန့်တော်မူ၏။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။-
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်ဘုရား သခင်ပေးသနားတော်မူသည့်ဉာဏ်ပညာဖြင့် သင်တို့အားရေးသားဖော်ပြခဲ့သည့်အတိုင်း ငါတို့ထာဝရဘုရားသည်စောင့်ဆိုင်းသည်းခံ တော်မူသည်မှာ သင်တို့ကယ်တင်ခြင်းခံရရန် အတွက်အခါအခွင့်ပေးခြင်းပင်ဖြစ်ကြောင်း မှတ်ယူကြလော့။-