ဟေရှာယ 64:12 - Common Language Bible12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အမှုအရာများကြောင့်စိတ်ထိခိုက်လှုပ်ရှား မှုဖြစ်တော်မမူပါသလော။ ကိုယ်တော်ရှင် သည်ငြိမ်သက်စွာနေတော်မူလျက်ကျွန် တော်မျိုးတို့အားမိမိတို့၏ခံနိုင်ရည်ထက် ပို၍ဆင်းရဲဒုက္ခရောက်စေတော်မူပါမည် လော။ အခန်းကိုကြည့်ပါ။Garrad Bible12 အို ထာ ဝ ရ ဘု ရား၊ ဤ အ ဖြစ် အ ပျက် များ ကို သည်း ခံ တော် မူ ဦး မည် လော။ အ ကျွန်ုပ် တို့ ကို အ ပြင်း အ ထန် ညှဉ်း ဆဲ လျက်၊ တိတ် ဆိတ် စွာ နေ တော် မူ ဦး မည် လော။ အခန်းကိုကြည့်ပါ။Judson Bible12 အို ထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူမည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန်ဆင်းရဲစေတော်မူမည်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဤသို့ဖြစ်လျက်ပင် ကိုယ်တော်သည် ငြိမ်ငြိမ်နေတော်မူမည်လော။ အို ထာဝရဘုရား၊ တိတ်ဆိတ်စွာနေတော်မူမည်လော။ အကျွန်ုပ်တို့ကို ပြင်းစွာနှိပ်စက်တော်မူမည်လော။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-