ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ဟေရှာယ 24:18 - Common Language Bible ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။- Garrad Bible ကြောက် မက် ဖွယ် ဘေး မှ ပြေး သူ သည် တွင်း ကျ သို့ ကျ ခြင်း၊ တွင်း ကျ မှ လွတ် သူ သည် ညွှတ် ကွင်း၌ မိ ခြင်း ခံ ရ လိမ့် မည်။ အ ထက် ပြွန် ဝ များ ပွင့် လျက်၊ မြေ ကြီး အ ခြေ အ မြစ် များ လှုပ် ရှား ပြီ တ ကား။ Judson Bible ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။ |
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ လူတို့ သည်ကိုယ်တော်၏အမျက်တော်၊ တန်ခိုးတော် နှင့်ဘုန်းအသရေတော်၏အရှိန်အဝါမှ ကင်းဝေးကြစေရန် မြေတွင်းများနှင့်ကျောက် တောင်လှိုဏ်ဂူများတွင်ပုန်းအောင်းနေကြ လိမ့်မည်။
သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
မောဘပြည်သူတို့အားထိတ်လန့်ဖွယ်ရာ များ၊ မြေတွင်းများနှင့်ထောင်ချောက်များသည် အသင့်စောင့်ဆိုင်းလျက်ရှိပေသည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။-
ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
သင်တို့သည်ဋ္ဌားကိုကြောက်ကြသလော။ သင် တို့အားဋ္ဌားဖြင့်ခုတ်ဖြတ်မည့်သူတို့ကိုငါ ခေါ်ဆောင်ခဲ့မည်ဟုအရှင်ထာဝရဘုရား မိန့်ဆို၏။-
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
အပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။-
ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-