ဆာလံ 18:15 - Common Language Bible15 အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 အို ထာ ဝ ရ ဘု ရား၊ အ မိန့် တော် ရှိ၍၊ နှာ တော် ဖြင့် ရှူ မှုတ် တော် မူ သည့် ကာ လ၊ ရေ စီး ရေ မြောင်း အောက် ခံ များ ထင် ပေါ် လျက်၊ မြေ ကြီး အ ခြေ အ မြစ် များ ဟင်း လင်း ပေါ် ရ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ ကိုယ်တော်သည်ဣသရေလပြည်သားတို့ အား သူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-