ဟေရှာယ 42:22 - Common Language Bible22 သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ဤ လူ မျိုး အ ပေါင်း တို့ သည်၊ လု ယက် သုံ့ ပန်း ခြင်း၊ တွင်း လှောင် ထား ခြင်း၊ နှောင် အိမ် တွင် ဝှက် ထား ခြင်း များ ကို ခံ ရ ကြ သည့် အလျောက်၊ ကယ် သူ ကင်း လျက် အ လု အ ယက် အ ဖြစ် သို့ လည်း ကောင်း၊ ပြန် ပို့ လော့ ဟု ဆို သူ ကင်း လျက်၊ အ သုံ့ အ ပန်း အ ဖြစ် သို့ လည်း ကောင်း၊ ရောက် ကြ ရှာ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible22 ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသောအမျိုး ဖြစ်၏။ ရှိသမျှတို့သည် တွင်း၌အချုပ်ခံရ၍၊ ထောင်ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သောအခါ၊ အဘယ်သူမျှ မနုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ဤလူမျိုးသည် သိမ်းသွားခြင်းခံရ၏။ တိုက်ခိုက်လုယက်ခြင်းခံရ၏။ သူတို့အားလုံးသည် တွင်းထဲ၌ ထောင်ချောက်မိ၏။ ထောင်ထဲတွင် လှောင်ထားခြင်းခံရ၏။ သူတို့သည် သားကောင်ကဲ့သို့ဖြစ်၍ ကယ်နုတ်မည့်သူမရှိ။ လုယက်ပစ္စည်းဖြစ်၍ “ပြန်ပေးလော့”ဟု ပြောမည့်သူမရှိ။ အခန်းကိုကြည့်ပါ။ |
ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
အရာခပ်သိမ်းအဆင်ပြေမှုအတွက်ငါ၏ အကြံအစည်ပြည့်စုံစေရန်၊ ငါကိုယ်တိုင်ပင်ကုရုဘုရင်အား လှုံ့ဆော်စေခိုင်းခဲ့၏။ သူသွားရာလမ်းမှန်သမျှကိုငါဖြောင့်ဖြူး စေမည်။ သူသည်ငါ၏မြို့တော်တည်းဟူသော ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ကာ၊ အဖမ်းခံနေရသူ၊ငါ၏လူမျိုးတော်အား အနှောင်အဖွဲ့မှဖြေလွှတ်ပေးလိမ့်မည်။ ဤအမှုတို့ကိုပြုစေရန်၊သူ့အားအဘယ် သူမျှ မငှားမယမ်း။ တံစိုးလက်ဆောင်လည်းမပေး'' ဟုမိန့်တော်မူ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်သတည်း။