ယေရမိ 48:44 - Common Language Bible44 ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible44 ကြောက် မက် ဖွယ် ဘေး မှ ပြေး သူ သည်၊ တွင်း သို့ ကျ ခြင်း၊ တွင်း ကျ မှ လွတ် သူ သည်၊ ညွှတ် ကွင်း ၌ မိ ခြင်း ခံ ရ လိမ့် မည်။ မော ဘ ပြည် ပေါ် သို့ ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ ကို ရောက် စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible44 ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကို မောဘပြည်သို့ ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-