အာမုတ် 5:19 - Common Language Bible19 ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible19-20 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ ခြင်္သေ့ လက် မှ ပြေး ရာ၊ ဝံ နှင့် တွေ့ သ ကဲ့ သို့ လည်း ကောင်း၊ ခို ဝင် သော အိမ် နံ ရံ ကို လက် မှီ ရာ၊ မြွေ ဆိုး ထိတ် သ ကဲ့ သို့လည်း ကောင်း၊ အ လင်း မဲ့ မှောင် မိုက်၊ တောက် ထိန် မဲ့ မှောင် အ တိ ဖြစ် မည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible19 လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-