ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
ဟေရှာယ 1:17 - Common Language Bible သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။ Garrad Bible ဒု စ ရိုက် ကို ဖြတ်၍ သု စ ရိုက် ကို ပြု ရန် လေ့ လာ ကြ လော့။ တ ရား စောင့် ရန် ရှာ ကြံ လျက်၊ ကြမ်း ကြုတ် သူ ကို ပဲ့ပြင် လျက်၊ ဖ သက် ဆိုး ကို ငဲ့ ညှာ စီ ရင်၍၊ မု ဆိုး မ အ မှု ကို လည်း ရှေ့ ဆောင် ကြ လော့ ဟု မိန့် တော် မူ ၏။ Judson Bible ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။ |
ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``ငါ သည်မကြာမီသူတို့ကိုကယ်တင်မည်။ သို့ဖြစ် ၍သင်တို့သည်ဖြောင့်မတ်မှန်ကန်ရာကိုပြုလုပ် ကြလော့။
``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊-
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
သင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။-
အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
ကိုယ်တော်၏အမိန့်တော်တို့ကိုလိုက်နာ လျက် စိတ်နှလုံးနှိမ့်ချသူပြည်သူပြည် သားအပေါင်းတို့၊ ထာဝရဘုရား၏ထံ တော်သို့လာကြလော့။ ဖြောင့်မှန်ရာကိုပြု ကျင့်လျက်ထာဝရဘုရား၏ရှေ့တော်၌ မိမိတို့ကိုယ်ကိုနှိမ့်ချကြလော့။ ထာဝရ ဘုရားအမျက်တော်ထွက်ရာကာလ၌ သင်တို့သည်အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
သင်တို့ပြုကျင့်သင့်သည့်အမှုများမှာ အချင်းချင်းဟုတ်မှန်ရာကိုပြောဆိုရန် ငြိမ်းချမ်းသာယာရေးအတွက်ဖြောင့်မှန် စွာတရားစီရင်ကြရန်ပင်ဖြစ်ပေသည်။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။