ဒံယေလ 4:27 - Common Language Bible27 ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible27 သို့ ဖြစ်၍ ဘု ရင် မင်း မြတ်၊ ကျွန် တော် မျိုး တင် ချက် ကို နာ ယူ လျက် စည်း စိမ် ချမ်း သာ တာ ရှည် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း အား ဖြင့် အ ပြစ် ဒု စ ရိုက် များ ကို လည်း ကောင်း၊ သူ ဆင်း ရဲ တို့ ကို သ နား ညှာ တာ ခြင်း အား ဖြင့် လွန် ကျူး မှု များ ကို လည်း ကောင်း ပြတ် စဲ စေ လော့ ဟု တင် လျှောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible27 သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲသောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-