ယေဇကျေလ 18:31 - Common Language Bible31 သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။- အခန်းကိုကြည့်ပါ။Garrad Bible31 အို ဣ သ ရေ လ အ မျိုး သား တို့၊ သေ ဒဏ် ကို အ ဘယ့် ကြောင့် ခံ ကြ မည် နည်း၊ ပြု ဖူး သ မျှ သော လွန် ကျူး မှု များ ကို စွန့် ပစ် လျက်၊ စိတ် သ ဘော၊ စိတ် ဝိ ညာဉ် အ သစ် ကို ပြု ပြင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible31 သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ‘သင်တို့ကျူးလွန်သောအပြစ်များကို စွန့်၍ စိတ်နှလုံးအသစ်၊ စိတ်သဘောအသစ် ရှိကြလော့။ အို အစ္စရေးအမျိုး၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။