ဟေရှာယ 58:6 - Common Language Bible6 ``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊- အခန်းကိုကြည့်ပါ။Garrad Bible6 ငါ သ ဘော ကျ သော အ စာ ရှောင် ခြင်း ကား၊ မ တ ရား သော အ နှောင် အ ဖွဲ့ များ ကို ဖြည် ခြင်း၊ ထမ်း ပိုး ကြိုး များ ကို ဖြုတ် ခြင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား ခြင်း၊ ထမ်း ပိုး ရှိ သ မျှ ကို ချိုး ဖြတ် ခြင်း ဖြစ် သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible6 ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကို ဖြေပေးခြင်း၊ ထမ်းပိုးကြိုးတို့ကို ချွတ်ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသောသူတို့ကို လွတ်လပ်ခွင့်ပေးခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းပင် မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-