တရားဟော 14:29 - Common Language Bible29 ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။'' အခန်းကိုကြည့်ပါ။Garrad Bible29 သင် တို့ ဘောင် တွင် အ မွေ ဝေ ပုံ စု မ ရ သော လေ ဝိ ဂိုဏ်း သား မှ စ သော တံ ခါး အ တွင်း ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ များ တို့ အား ဝင် ရောက် လျက် ဝ စွာ စား သောက် ခွင့် ပေး ကြ သည် နှင့် ပြု လေ ရာ ရာ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible29 သင်တို့နှင့်ရော၍ အဖို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ရှိသော တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သို့ပြုလျှင် သင်တို့တွင် အမွေဝေစုမရသောလေဝိအမျိုး၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် လာပြီး ဝလင်စွာစားနိုင်မည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်အားကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊-