သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
သူကြီး 4:3 - Common Language Bible ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။ Garrad Bible ထို မင်း တွင် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ ရှိ လျက် အ နှစ် နှစ် ဆယ် ပတ် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ကို ပြင်း စွာ နှိပ် စက် သော ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ ကုန် ၏။ Judson Bible ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။ |
သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်း ကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။ သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။
သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။
ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-