ယောရှု 17:16 - Common Language Bible16 ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ယော သပ် အ နွယ် သား တို့ က၊ ဧ ဖ ရိမ် ခင် တန်း သည် ကျွန် တော် တို့ အ ဖို့ မ လောက် သေး သည် မှန် သော် လည်း ချိုင့် ရှိ ဗက် ရှန် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ ယေ ဇ ရေ လ ချိုင့် ၌ လည်း ကောင်း၊ နေ ထိုင် သော ခါ နာန် လူ မျိုး တို့ မှာ သံ ဖြင့် ပြီး သော စစ် ရ ထား ရှိ ပါ သည် ဟု လျှောက် ပြန် လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible16 ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။