Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 3:9 - Common Language Bible

9 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ လျှင်၊ ကယ် ဆယ် သူ ဖြစ် သော ကေ နတ် အ မျိုး ကာ လက် ညီ သြ သံ ယေ လ ကို သူ တို့ ဘက် တွင် ပေါ် ထွန်း စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သို့သော် အစ္စရေး​အမျိုးသား​တို့ ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ကယ်တင်​မည့်​ကယ်တင်ရှင်​တစ်ဦး​ကို အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​တော်မူ​၏​။ ထို​သူ​ကား ကာလက်​၏​တူ​၊ ကေနတ်​၏​သား ဩသံယေလ​ပေတည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 3:9
15 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။


သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​အော်​ဟစ် တောင်း​လျှောက်​ကြ​သ​ဖြင့် ဘေး​ဥ​ပဒ်​များ​မှ​လွတ်​မြောက်​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား ကြ​သည် နှင့်​အ​မျှ​အ​ကျိုး​ကို​ခံ​စား​ကြ​ရ​ပါ​၏။


သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။


ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-


ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။-


ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-


ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။


ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။-


ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ