Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 10:10 - Common Language Bible

10 ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို အ ခါ ဣ သ​ရေ လ အ မျိုး သား တို့ က၊ အ ကျွန်ုပ် တို့ သည် ကိုယ့် ဘု ရား ကို စွန့် ပယ် လျက်၊ ဗာ လ နတ် ကို ဝတ် ပြု ရာ၌ ပြစ် မှား မိ ပါ ပြီ ဟု ထာ ဝ ရ ဘု ရား အား အော် ဟစ် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ကို စွန့်၍၊ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထိုအခါ အစ္စရေး​အမျိုးသား​တို့​က “​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​ကို ဝတ်ပြု​မိ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​လျှောက်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 10:10
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။


ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။


ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။


သစ်​ပင်​အား`အ​ရှင်​သည်​အ​ကျွန်ုပ်​အ​ဖ​ဖြစ်​ပါ သည်' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား`အ​ရှင် သည်​အ​ကျွန်ုပ်​အ​မိ​ဖြစ်​ပါ​သည်' ဟူ​၍​လည်း ကောင်း​သင်​တို့​ပြော​ဆို​ကြ​၏။ သင်​တို့​သည်​ငါ ၏​ဘက်​သို့​မ​လှည့်၊ ငါ့​အား​ကျော​ခိုင်း​၍​သွား ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ဘေး​အန္တ​ရာယ် တွေ့​သော​အ​ခါ​၌​မူ​ကား၊ ငါ့​အား​ကြွ​လာ တော်​မူ​၍​သင်​တို့​ကို​ကူ​မ​တော်​မူ​ရန်​လျှောက် ထား​ကြ​၏။


အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-


ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။


ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-


သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ