Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟော 28:29 - Common Language Bible

29 နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သင် တို့ သည် မှောင် အ တိ၌ စမ်း ယမ်း ရ သော မျက် မ မြင် တို့ နည်း တူ၊ မွန်း တည့် အ ချိန် စမ်း ယမ်း လျက် အ ကြံ ထ မြောက် ခြင်း ကင်း လျက်၊ ကယ် မ သူ မ ရှိ ဘဲ တစ် သက် ပတ် လုံး အ ညှဉ်း အ ပန်း အ လု အ ယက် ကို သာ ခံ ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 မျက်​စိ​ကန်း​သော​သူ​သည် မှောင်​မိုက်၌ စမ်း​သပ်​ရ​သ​ကဲ့​သို့၊ သင်​သည် မွန်း​တည့်​အ​ချိန်၌​ပင် စမ်း​သပ်​ရ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု၌ မ​အောင်​ဘဲ ညှဉ်း​ဆဲ​ခြင်း၊ လု​ယူ​ခြင်း​ကို​သာ ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​တင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:29
26 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-


ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။


ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။


ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-


ထို​သူ​တို့​ကို​ခေါ်​သွား​ပြီး​လျှင်​သန့်​စင်​ခြင်း မင်္ဂ​လာ​ကို​သူ​တို့​နှင့်​အ​တူ​ပြု​ပါ​လော့။ သူ​တို့ အ​တွက်​ဦး​ခေါင်း​ရိတ်​ခ​ငွေ​ကို​သင်​ကျ​ခံ​ပါ။ ဤ​သို့​ပြု​ပါ​မူ​သင့်​အ​ကြောင်း​လူ​တို့​ကြား​ခဲ့ ကြ​သည့်​သ​တင်း​စ​ကား​များ​မှာ အ​ခြေ​အ​မြစ် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​ကိုယ်​တိုင်​ပင် လျှင်​ပ​ညတ်​တ​ရား​ကို​တိ​ကျ​စွာ​စောင့်​ထိန်း ကြောင်း​ကို​လည်း​ကောင်း​လူ​တိုင်း​သိ​ရှိ​ပါ လိမ့်​မည်။-


ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။


ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။


ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။


သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။


အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''


ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-


``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကို နား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။


မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှ မ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက် လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ