ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
သူကြီး 16:21 - Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။- Garrad Bible ဖိ လိ တ္တိ လူ မျိုး တို့ ဖမ်း ဆီး၍ မျက် စိ နှစ် လုံး ကို ထိုး ဖောက် ပြီး လျှင် ဂါ ဇ မြို့ သို့ ဆောင် သွား၍ ခြေ ချင်း ခတ် လျက် နှောင် အိမ် အ တွင်း တွင် စ ပါး ကြိတ် စေ ၏။ Judson Bible ဖိလိတ္တိလူတို့သည် ဖမ်းဆီး၍ သူ့မျက်စိကိုဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့်ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။ |
ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။-
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။ သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။ ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။
ဇေဒကိ၏မျက်စိများကိုထိုးဖောက်စေ၏။ ထိုနောက်သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများဖြင့်ချည်နှောင်ထား စေလေသည်။-
လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။
သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။-
သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-