ထွက်မြောက် 11:5 - Common Language Bible5 အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။- အခန်းကိုကြည့်ပါ။Garrad Bible5 နန်း စံ သော ဖာ ရော မင်း၏ သား ဦး မှ စ၍ ကြိတ် ဆုံ ကြိတ် သော ကျွန် မိန်း မ၏ သား ဦး တိုင် အောင် တိ ရ စ္ဆာန် များ၏ သား ဦး များ ပါ အိ ဂျစ် ပြည်၌ သား ဦး ဟူ သ မျှ တို့ သည် သေ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ ကြိတ်ဆုံနောက်ရှိ ကျွန်မ၏သားဦး၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့သည် သေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-