ဟေရှာယ 47:2 - Common Language Bible2 သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။ သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။ ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။ အခန်းကိုကြည့်ပါ။Garrad Bible2 ကြိတ် ဆုံ ကို ကိုင် ဆောင် လျက်၊ စ ပါး ကို ကြိတ် လော့။ ရှေ့ ကာ ကို ပယ် ၍၊ မာ လိ က တန် ဆာ ချွတ် ပြီး လျှင်၊ ပေါင် လယ် ထိ မ လျက်၊ မြစ် ချောင်း များ ကို ဖြတ် သန်း လော့။ အခန်းကိုကြည့်ပါ။Judson Bible2 ကြိတ်ဆုံကိုယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သောအင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကိုကူးလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-