တောလည် 16:14 - Common Language Bible14 သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 အ ကယ် စင် စစ် နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့ သင် ပို့ ဆောင်၍ လယ် ခြံ များ ကို ပိုင် ရစေ ပြီ မ ဟုတ်။ ဤ သူ တို့ မျက် စိ ကို မှောက် မည် လော။ ငါ တို့ မ လာ ဟု ပြန် ဆို ကြ သည့် အ တွက်၊ အခန်းကိုကြည့်ပါ။Judson Bible14 ထိုမှတစ်ပါး နို့နှင့် ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာဟု ပြန်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်သည် ငါတို့ကို နို့နှင့်ပျားရည်စီးသောပြည်သို့ မပို့ဆောင်၊ အမွေအဖြစ် လယ်ယာနှင့်စပျစ်ခြံကိုလည်း ငါတို့အားမပေး။ ဤသူတို့၏မျက်စိကိုလည်း ဖောက်လိုသလော။ ငါတို့မလာ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-