ယေရမိ 39:7 - Common Language Bible7 ဇေဒကိ၏မျက်စိများကိုထိုးဖောက်စေ၏။ ထိုနောက်သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများဖြင့်ချည်နှောင်ထား စေလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 ဇေ ဒ ကိ မင်း မျက် စိ ကို ဖောက် ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ ယူ သွား ရန် ခြေ ချင်း စွဲ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဇေဒကိမင်းကြီး၏မျက်လုံးများကိုလည်း ဖောက်ထုတ်ပြီး သူ့ကို ကြေးနီခြေချင်းခတ်လျက် ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။