ဧလိရှဲကသူ့အား``သင်သည်ယောဒန်မြစ်တွင် ခုနစ်ကြိမ်တိုင်တိုင်ရေချိုးပါလျှင် သင်၏ရောဂါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်'' ဟုအစေခံ ကိုလွှတ်၍ပြောကြားစေ၏။-
ဝတ်ပြု 14:7 - Common Language Bible ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။- Garrad Bible နူ နာ သန့် စေ လို သူ့ အ ပေါ် သို့ ခု နစ် ကြိမ် ဖျန်း လျက် သန့် ပြီ ဟု ဖော် ပြ ပြီး မှ ငှက် ရှင် ကို တော တွင် လွှတ် ရ မည်။ Judson Bible နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။ |
ဧလိရှဲကသူ့အား``သင်သည်ယောဒန်မြစ်တွင် ခုနစ်ကြိမ်တိုင်တိုင်ရေချိုးပါလျှင် သင်၏ရောဂါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်'' ဟုအစေခံ ကိုလွှတ်၍ပြောကြားစေ၏။-
သို့ဖြစ်၍နေမန်သည်ယော်ဒန်မြစ်သို့ဆင်းပြီး လျှင် ဧလိရှဲညွှန်ကြားခဲ့သည့်အတိုင်း ခုနစ်ကြိမ် တိုင်တိုင်မိမိကိုယ်ကိုရေတွင်နှစ်လိုက်သောအခါ ရောဂါလုံးဝပျောက်ကင်းသွားလေသည်။ သူ၏ အသားအရေသည်ကလေးသူငယ်၏အသား အရေကဲ့သို့တောင့်တင်းစိုပြေလာ၏။-
ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။-
ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။
ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။
ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။
သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေး ကို ကန့်လန့်ကာရှေ့တွင်ခုနစ်ကြိမ်ဖျန်းရမည်။-
သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။-
သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-
သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-
ထိုနည်းတူစွာမောရှေသည်ပဋိညာဉ်တဲတော် နှင့်တကွဝတ်ပြုကိုးကွယ်ရာတွင်အသုံးပြု သည့်တန်ဆာရှိသမျှကိုလည်းသွေးဖြင့်ပက် ဖျန်းလေသည်။-
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-