Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:6 - Common Language Bible

6 ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကျန် ငှက် ရှင် တစ် ကောင်၊ သစ် က တိုး သား အ ရိုး၊ အ နီ ချည်၊ ဟုဿုပ် ညွန့် များ ကို စမ်း ရေ ပေါ် တွင် စီ ရင် သော ငှက် သွေး ၌ ကိုင် ဆွတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​နှင့်​တ​ကွ အ​သက်​ရှင်​သော ငှက်​ကို​ယူ၍၊ ငှက်​သွေး​ရော​ပြီး​သော​ရေ၌ နှစ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယဇ်ပုရောဟိတ်​သည် ကျန်​ငှက်​အရှင်​ကို​ယူ​၍ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​နှင့်အတူ ထို​ငှက်​အရှင်​ကို စမ်းရေ​ပေါ်တွင်​သတ်​ခဲ့​သော​ငှက်​သွေး​ထဲသို့ နှစ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:6
13 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။


ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-


ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။-


သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကျ​ရောက် လာ​သော​အ​ခါ ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား မိ​မိ​တို့​၏​အ​ပြစ်​များ​နှင့်​ရုပ်​တု ကိုး​ကွယ်​မှု​မှ​သန့်​စင်​စိမ့်​သော​ငှာ​စမ်း ရေ​ပေါက်​ဖွင့်​လျက်​လာ​လိမ့်​မည်။-


ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။-


ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။-


သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။


ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။-


သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ