ဝတ်ပြု 16:14 - Common Language Bible14 သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။ အခန်းကိုကြည့်ပါ။Garrad Bible14 နွား သွေး အ ချို့ အ ဝက် ကို ယူ၍ အ ရှေ့ မျက် နှာ ရှိ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ပေါ် တွင် တစ် ကြိမ်၊ ပ လ္လင် တော် ရှေ့ ခု နစ် ကြိမ် လက် ချောင်း ဖြင့် ဖျန်း ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့်ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖျန်းရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-