Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 19:12 - Common Language Bible

12 သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 တ တိ ယ နေ့၊ သ တ္တ မ နေ့၊ နှစ် ရက် တွင် အာ ပတ် ကင်း ခြင်း ကို ပြု၍ သန့် ရာ ရောက် လိမ့် မည်။ တ တိ ယ နေ့၊ သ တ္တ မ နေ့၊ နှစ် ရက် တွင် အာ ပတ် ကင်း ခြင်း ကို မ ပြု သော် ကား သန့် မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သုံး​ရက်​မြောက်​သော​နေ့၌ ထို​ပြာ​နှင့် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ စင်​ကြယ်​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​လျှင်၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တိုင်​အောင် မ​စင်​ကြယ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သူ​သည် သုံး​ရက်​မြောက်​နေ့​၌ စင်ကြယ်​စေ​ခြင်း​ရေ​ဖြင့် မိမိကိုယ်မိမိ သန့်စင်​စေ​ပြီး ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​လိမ့်မည်​။ သုံး​ရက်​မြောက်​နေ့​၌ မိမိကိုယ်မိမိ မ​သန့်စင်​စေ​လျှင် ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 19:12
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။


တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-


မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။


ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-


ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-


ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-


သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-


သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-


ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-


ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ