ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
ရှင်ယောဟန် 1:51 - Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။ Garrad Bible ကောင်းကင်ပွင့်၍ ဘုရားသခင်၏စေတမန်တော်များသည် လူ့သားအပေါ်သို့ဆင်းလျက် တက်လျက်နေသည်ကို သင်တို့မြင်ရကြလတ္တံ့၊ ငါအမှန်ဆိုသည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ Judson Bible သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်သည်ပွင့်လျက် ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ့သား၏အပေါ်တွင် တက်လျက်ဆင်းလျက်နေကြသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုလည်းကောင်း၊ သင်တို့သည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ |
ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
သခင်ယေရှုသည်ဗတ္တိဇံကိုခံယူပြီးလျှင်ပြီး ချင်း ရေမှတက်တော်မူသောအခါ၊ မိုးကောင်းကင် သည်ကိုယ်တော်ရှင်အတွက်ကွဲဟလျက် ဘုရား သခင်၏ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ကိုယ်တော်၏အပေါ်မှာနားတော်မူသည်ကိုမြင် တော်မူ၏။-
ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။
သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``ထလော့၊ ထမ်းစင် ကိုထမ်း၍အိမ်သို့ပြန်လော့'' ဟုမိန့်တော်မူ၏။
ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။-
သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
ထိုကောင်းကင်တမန်အနီးတွင်များစွာသော ကောင်းကင်ဗိုလ်ခြေတို့သည်ရုတ်တရက်ပေါ် လာ၍၊ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက်
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။-
ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား သိုးခြံထဲသို့တံခါးပေါက် ကမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သူ သည်သူခိုးဋ္ဌားပြဖြစ်၏။-
ထို့ကြောင့်တစ်ဖန်သခင်ယေရှုက ``အမှန်အကန် သင်တို့အားငါဆိုသည်ကား ငါသည်သိုးတို့ဝင် သောတံခါးပေါက်ဖြစ်၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
သခင်ယေရှုက ``သင်သည်ငါ့အတွက်အသက် စွန့်မည်လော။ အမှန်အကန်သင့်အားငါဆိုသည် ကား ကြက်မတွန်မီသင်သည်ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင်ငြင်းဆိုလိမ့်မည်'' ဟုမိန့် တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-
အမှန်အကန်သင့်အားငါဆိုသည်ကားသင် သည်ငယ်ရွယ်စဉ်အခါကခါးကိုစည်း၍သွား လိုရာသို့သွားတတ်၏။ အိုမင်းလာသောအခါ မူကားသင်သည်လက်နှစ်ဖက်ကိုဆန့်လျက် သူ တစ်ပါးကသင့်ကိုချည်နှောင်ပြီးလျှင်သင် မသွားလိုသည့်အရပ်သို့ဆောင်သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့ငါ့ကိုရှာကြခြင်းမှာငါပြ သည့်နိမိတ်လက္ခဏာများ၏ အနက်အဋ္ဌိပ္ပါယ်ကို နားလည်ကြရ၍မဟုတ်။ အစားအစာကိုဝ အောင်စားကြရ၍ဖြစ်၏။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား မောရှေသည်သင်တို့အား ကောင်းကင်မှအစာအာဟာရကိုပေးသည် မဟုတ်။ ငါ့ခမည်းတော်သည်သင်တို့အား ကောင်းကင်မှ အစာအာဟာရအစစ်အမှန် ကိုပေးတော်မူ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား လူသား၏အသားကိုမစား၊ သူ၏ သွေးကိုမသောက်ပါမူသင်တို့၌အသက်မရှိ။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား အပြစ်ကူးသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။-
ထိုအခါသတေဖန်က``ငါသည်ကောင်းကင် ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာဘက်တွင်ရပ်လျက် နေတော်မူသည်ကိုလည်းကောင်းငါမြင်၏'' ဟုဆို၏။
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-
ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
အာဒံမှဆင်းသက်၍သတ္တမဆက်မြောက် သောသူဧနောက်က ဤသူတို့အကြောင်းနှင့် ပတ်သက်၍``ဘုရားသခင်သည်အတိုင်းမသိ များစွာသော မိမိ၏မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့်ကြွလာ၍၊-
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-