ရှင်ယောဟန် 21:18 - Common Language Bible18 အမှန်အကန်သင့်အားငါဆိုသည်ကားသင် သည်ငယ်ရွယ်စဉ်အခါကခါးကိုစည်း၍သွား လိုရာသို့သွားတတ်၏။ အိုမင်းလာသောအခါ မူကားသင်သည်လက်နှစ်ဖက်ကိုဆန့်လျက် သူ တစ်ပါးကသင့်ကိုချည်နှောင်ပြီးလျှင်သင် မသွားလိုသည့်အရပ်သို့ဆောင်သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ငါဧကန်အမှန်ဆိုသည်ကား၊ သင်သည်ငယ်ရွယ်စဉ် ခါးစည်း၍အလိုရှိရာသွားလာတတ်၏။ အိုသည့်ကာလမူကား လက်ဆန့်ရသောသင့်ကို သူတစ်ထူးခါးကြိုးတပ်၍ သင်အလိုမရှိရာသို့ ထုတ်သွားလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတစ်ပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သင့်အား ငါအမှန်ဆို၏။ သင်သည် ငယ်ရွယ်စဉ် အချိန်တွင် သင်အလိုရှိသည့်အတိုင်း လုပ်နိုင်၏။ ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်၍ သင်သွားလိုရာ အရပ်သို့ သွားတတ်၏။ သို့သော် သင်သည် အိုမင်းလာချိန်တွင် သင်၏လက်တို့ကို ဆန့်၍ အခြားသူက သင့်ကို ဝတ်ဆင်ပေးကာ သင်မသွားလိုသည့် အရပ်သို့ သင့်ကို ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ18 ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတစ်ပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ကျွန်ုပ်တို့ထံသို့လာ၍ပေါလု၏ခါးပန်း ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကိုချည် နှောင်လေ၏။ ထိုနောက် ``ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့ကယေရုရှလင်မြို့တွင် ဤသို့ချည်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်ဟုသန့်ရှင်းသောဝိညာဉ် တော်မိန့်တော်မူသည်'' ဟုဆိုလေ၏။
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-