Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယု​ဒ 1:14 - Common Language Bible

14 အာ​ဒံ​မှ​ဆင်း​သက်​၍​သ​တ္တမ​ဆက်​မြောက် သော​သူ​ဧ​နောက်​က ဤ​သူ​တို့​အ​ကြောင်း​နှင့် ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​၏​မြင့်​မြတ်​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ​နှင့်​ကြွ​လာ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 ထို သူ တို့ နှင့် စပ်၍ လည်း အာ ဒံ မှ ခု နစ် ဆက် မြောက်၊ ဧ နောက် က ထာ ဝ ရ ဘု ရား သည် လူ ခပ် သိမ်း တို့ ကို ပြစ် ဒဏ် စီ ရင် ခြင်း ငှာလည်း ကောင်း၊ တ ရား မဲ့ သော အ ပြစ် သား တို့၌ မ တ ရား မှု ပြု ကြ သော မ တ ရား မှု ရှိ သ မျှ နှင့် ကိုယ် တော် ကို မ တ ရား ပုတ် ခတ် မှု ရှိ သ မျှ အ တွက် ဆုံး မ ခြင်း ငှာလည်း ကောင်း၊ သန့် ရှင်း သော အ ခြံ အ ရံ ကု ဋေ သင်္ချေ နှင့် တ ကွ ကြွ လာ တော် မူ လိမ့် တ ကား ဟု တင် ကူး ဟော ပြော ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14-15 အာ​ဒံ​မှ​ဆင်း​သက်၍ ခု​နစ်​ဆက်​မြောက်​သော​သူ ဧ​နောက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​သော အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​လူ​ဆိုး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍​ပြော​သော ကြမ်း​တမ်း​သော စ​ကား​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​ခြင်း​ငှာ၊ အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​သန့်​ရှင်း​သူ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​လိမ့်​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အာဒံ​မှ ခုနစ်​ဆက်​မြောက်​သော​မျိုးဆက်​ဖြစ်​သည့် ဧနောက်​သည်​လည်း သူ​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​လျက် “ကြည့်ရှု​လော့။ ထာဝရ​ဘုရား​သည် အတိုင်းမသိ​များစွာ​သော မိမိ​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 အာဒံ​မှ ဆင်းသက်​၍ ခုနစ်ဆက်​မြောက်သော​မျိုးဆက် ဧနောက်​သည် သူတို့​နှင့်​ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရား​သည် မိမိ​၏ မြောက်မြားစွာသော​ကောင်းကင်တမန်များ​နှင့်အတူ ကြွလာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:14
18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။


ဤ​နည်း​အား​ဖြင့်​ကိုယ်​တော်​သည်​သင်​တို့​ကို ကြံ့​ခိုင်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း တို့​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သန့်​ရှင်း မြင့်​မြတ်​သူ​များ​ဖြစ်​ကြ​ပေ​အံ့။


လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-


``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-


သင်​တို့​သည်​တောင်​နှစ်​ခြမ်း​ခွဲ​ရာ​ချိုင့်​ဝှမ်း လမ်း​ဖြင့်​ထွက်​ပြေး​လွတ်​မြောက်​ကြ​လိမ့် မည်'' ဟု​ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​လက်​ထက် ၌​မြေ​င​လျင်​လှုပ်​စဉ်​အ​ခါ​က သင်​တို့ ၏​ဘိုး​ဘေး​များ​ထွက်​ပြေး​ရကြ​သ​ကဲ့ သို့​သင်​တို့​သည်​လည်း​ထွက်​ပြေး​ရကြ လိမ့်​မည်။ ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​နှင့်​အ​တူ​ကောင်း​ကင် တ​မန်​များ​ကို​ခေါ်​ဆောင်​ကာ​ကြွ​လာ တော်​မူ​လိမ့်​မည်။


ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊-


ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။


ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လျှို့​ဝှက်​ကူး​လွန် ထား​သည့်​လူ​သတ်​မှု​များ​သည်​ပေါ်​လွင်​ထင် ရှား​၍​လာ​လိမ့်​မည်။ အ​သတ်​ခံ​ရ​သူ​တို့​အား မြေ​ကြီး​သည်​ဖုံး​ကွယ်​ထား​တော့​မည်​မ​ဟုတ်။


သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-


ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ