Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:43 - Common Language Bible

43 ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် မှ ထင် ရှား၍ ကိုယ် တော် ကို အား ပေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်ပါး ပေါ်လာ​၍ ယေရှု​ကို အားပေးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

43 ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:43
16 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ငါ့​ကို​ကူ​ညီ​ကာ​ကွယ်​သူ​ဖြစ်​သည်။


ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-


ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​မှ​ထွက်​ခွာ သွား​လေ​သည်။ ထို​နောက်​ကောင်း​ကင်​တ​မန်​တို့ သည်​ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​လုပ် ကျွေး​ပြု​စု​ကြ​၏။


``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။


သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။


``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-


ထို​မြို့​တွင်​ကာ​လ​အ​တန်​ကြာ​နေ​ပြီး​နောက် ခ​ရီး​ထွက်​ခဲ့​ရာ​ဂ​လာ​တိ​ပြည်​နှင့်​ဖြု​ဂိ ပြည်​တို့​သို့​ရောက်​ရှိ​လျက် ယုံ​ကြည်​သူ အ​ပေါင်း​တို့​ကို​ကြံ့​ခိုင်​စေ​လေ​သည်။


ယောရှု​အား​တာ​ဝန်​လွှဲ​အပ်​လော့။ သူ​သည်​ဤ​လူ မျိုး​ကို​ခေါင်း​ဆောင်​၍ သင်​မြင်​သော​ပြည်​သို့ ဖြတ်​ကူး​သိမ်း​ယူ​ရ​မည်​ဖြစ်​သော​ကြောင့်​သူ့ ကို​အား​ပေး​လော့။ ကြံ့​ခိုင်​စေ​လော့' ဟု​ငါ့ အား​မိန့်​တော်​မူ​၏။''


ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။


ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​ဦး​ကို လော​က​သို့​စေ​လွှတ်​တော်​မူ​မည်​ပြု​သော​အ​ခါ ``ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့ သည် ထို​သူ​အား​ရှိ​ခိုး​ဝတ်​ပြု​ရကြ​မည်'' ဟု​မိန့်​တော်​မူ​၏။-


ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ