လုကာ 22:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း43 ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါး ပေါ်လာ၍ ယေရှုကို အားပေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible43 ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible43 စေ တ မန် တော် တစ် ပါး သည် ကောင်း ကင် မှ ထင် ရှား၍ ကိုယ် တော် ကို အား ပေး ၏။ အခန်းကိုကြည့်ပါ။Judson Bible43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။- အခန်းကိုကြည့်ပါ။ |
“သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် အောက်သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတွင် ရေးသားထားသည်မှာ ‘ဘုရားသခင်သည် ကောင်းကင်တမန်များအား သင့်ကို စောင့်ရှောက်ရန် မှာထားတော်မူလိမ့်မည်။ သင်၏ခြေကို ကျောက်နှင့် မထိခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။