Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 28:12 - Common Language Bible

12 ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အိပ် မက် မြင် ရ သည် မှာ မြေ မှ မိုး ထိ အ ဖျား မှီ အောင် ထောင် ထား သော လှေ ကား တွင် ဘု ရား သ ခင့် စေ တ မန် တော် များ ဆင်း လျက် တက် လျက် ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 28:12
24 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။


နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-


ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။


ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-


သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-


မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​ပ​ထ​မ​နှစ်​၌ ငါ​သည်​ညဥ့်​အ​ခါ​အိပ်​မက်​တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထို​အိပ်​မက်​၏​အ​ကြောင်း​ကို​ငါ​သည်​ဤ​သို့​မှတ်​တမ်း​ရေး​ထား​သ​တည်း။


``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-


ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-


ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။-


အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။


အ​တိတ်​ကာ​လ​၌​ဘု​ရား​သ​ခင်​သည်​ငါ​တို့ ဘိုး​ဘေး​တို့​အား​အ​ကြိမ်​ပေါင်း​များ​စွာ နည်း အ​မျိုး​မျိုး​ဖြင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-


ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ