ယေရမိ 51:56 - Common Language Bible
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
အခန်းကိုကြည့်ပါ။
ဗာ ဗု လုန် မြို့ တွင်း သို့ ဖောက် ဝင် သ ဖြင့်၊ သူ ရဲ ကောင်း တို့ ကို သုံ့ ပန်း ခြင်း၊ လေး များ ချိုး ဖြတ် ခြင်း များ ကို ပြု ကြ လေ ပြီ။ ထာ ဝ ရ ဘု ရား သည်၊ လက် စား ချေ သော ဘု ရား ဖြစ် သည့် အ တိုင်၊ မု ချ ဆပ် ပေး တော် မူ မည်။
အခန်းကိုကြည့်ပါ။
ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသောသူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ၏။ အကျိုးအပြစ်ကို ပေးတတ်သော ဘုရားသခင် ထာဝရဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။
အခန်းကိုကြည့်ပါ။
အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
အခန်းကိုကြည့်ပါ။