တရားဟော 32:35 - Common Language Bible35 ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။ အခန်းကိုကြည့်ပါ။Garrad Bible35 ဘေး သင့် ရာ နေ့ ရက် နီး လျက်၊ တ မ လွန် လျင် မြန် သည့် အ လျောက်၊ ချင်း တို့ ခြေ ချော် ကြ သည့် ကာ လ၊ လက် စား ချေ တော် မူ ခြင်း၊ ဆပ် ပေး တော် မူ ခြင်း သည် အ ရံ သင့် ရှိ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible35 အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သောအချိန် နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။