ယေဇကျေလ 39:9 - Common Language Bible9 ဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို အ ခါ၊ ဣ သ ရေ လ မြို့ ရွာ များ တွင် နေ ထိုင် သူ တို့ သည် ထွက် ၍၊ ဒိုင်း ဝန်း၊ ဒိုင်း ရှည် ကို လည်း ကောင်း၊ လေး နှင့် မြှား များ ကို လည်း ကောင်း၊ တုတ် နှင့် လှံ များ ကို လည်း ကောင်း၊ လက် နက် ဟူ သ မျှ ကို ခု နစ်နှစ် ပတ် လုံး ထင်း လုပ် ၍ မီး ဆိုက် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 ဣသရေလမြို့တို့၌နေသောသူတို့သည် ထွက်သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးမြို့များ၌နေထိုင်သောသူတို့သည် မြို့ပြင်သို့ထွက်လာ၍ ဒိုင်းလွှားကြီးဒိုင်းလွှားငယ်၊ လေးမြား၊ တုတ်၊ လှံ စသော လက်နက်တို့ကိုသိမ်းယူ၍ လောင်စာအဖြစ် ခုနစ်နှစ်တိုင်တိုင် မီးဆိုက်အသုံးပြုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။